Tuesday, June 30, 2009

ခေါက်ဆွဲကြော်

ခေါက်ဆွဲကို ကြိုက်ရာအသားဖြင့်ကြော်နိုင်ပါတယ်၊ ၀က်သားနဲ့ကြော်ထားပါတယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အနောက်တို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ၀က်သားနှုးပြီဆိုလျင် အနေတော်အရွယ်လှီးပါ ဆီသတ်ရန်အတွက် ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ဂေါ်ဖီကိုလည်း အနေတော်လှီးထားပါ (ကြိုက်ရာအရွက် များထည့်ပြီးလည်းကြော်နိုင်ပါတယ်)။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျင် ဆီထည့်ပါ။ ဆီကျက်လျင် ပါးပါးလှီး ထားသောကြက်သွန်နီထည့်ပါ။ ၀က်သားထည့်၊ ဂေါ်ဖီထည့်ပါ။ ခေါက်ဆွဲထည့်ပါ။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက် အနည်းငယ်ထပ်ထည့်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး နာနာ သမအောင်မွေပါ

Sunday, June 28, 2009

ကံကောင်းခြင်းတွေကို ယူဆောင်ပေးလာသူလေး

February 27 က တင်ထားတဲ့ ကျွန်မရဲ့ PR က June လကကုန်တော့မယ်။ ဘာသတင်းမှမကြားရသေး။ စာတိုက်ပုံးကို ခဏ ခဏဖွင့်ကြည့်ရတာလဲ အမောပါပဲ။ June 24 မှာ စာတိုက်ပုံးဖွင့်ကြည့်တော့ On Government Service လို့ ဗယ်ဘက်တောင့်မှာ ရေးထားတာတွေ့ရပါတယ်။ စာအိတ်ကိုကြည့်လိုက်တော့ စာအိတ်လေးကထူနေပါတယ်။ ဖွင့်မကြည့်ပဲသိခဲ့ ရပါပြီ။ ကျွန်မ PR Approved ဖြစ်ပြီးလို့ အကြောင်းကြားတဲ့စာလေးပါ။

ကျွန်မ PR စလျောက်ခဲ့စဉ်က ရုံးကထောက်ခံချက်မပါ။ Reason ရေးပြီး ကိုယ့်ဟာကိုယ်တင်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကထောက်ခံချက် ရေးပေးပါတယ်။ ကျွန်မရဲ့ probation period က၆လပါ။ ၆လ မပြည့်ခင် ကျွန်မ e-appointment ကိုကြိုလုပ်ထားတာ။ probation period အပြီး ၇လထဲမှာ။ ဖြစ်ချင်တော့ IT ရဲ့ VP က ကျွန်မ ၆လ မပြည့်ခင် Dubai ကို ထွက်သွားခဲ့တယ်။ Confirmed ဖြစ်တဲ့အချိန်မှာ ကျွန်မ PR ကတင်ပြီးနေပြီ။ ကျွန်မ ရမယ်လို့လဲ ကိုယ့်ကို ကိုယ်ယုံကြည် ပါတယ်။ PR Approved ဖြစ်ဖို့ ၄လနီးပါးစောင့်ခဲ့ရပါတယ်။

ICA က Letter ၁စောင်ထည့်ပေးလိုက်ပါတယ်။ ရုံးမှာ လက်ရှိဘာ Position နဲ့လုပ်နေတဲ့ဆိုတဲ့အကြောင်းရယ်၊ Company Stamp & Authorised Signature အချက်အလက်တွေပါတဲ့စာ ၁စောင်ပါ။ June 25 ရက်နေ့မှာ ရုံးကိုအကျိုး အကြောင်းရှင်းပြတော့ရုံးက GM က လက်မှတ်ထိုးပေးပါတယ်။

ဆေးစစ်ရမယ့်စာရွက်လဲပါတယ်။ ဆေးစစ်ရမယ့်စာရွက်မြင်တိုင်း ကျွန်မ အရမ်းရင်တုန်ပါတယ်။ HIV & X-Ray ရိုက်ရမယ်ဆို တဲ့စာလေးပါ။

June 26 ရုံးသွားမယ်လုပ်တော့ အိပ်ရာကလုံးဝမထနိုင်ပါဘူး။ မနေ့ကတည်းက ကျွန်မ ရုံးမှာ Fever ရှိနေတာကိုလဲ အလုပ် လုပ်နေဆဲပါ။ ကျွန်မ Fever က ၃၇.၈ တောင်ရှိတာ။ ရုံးက HR ကိုပြောပြတော့ တော်တော်လန့်နေကြတယ်။ H1N1 များလား???

တကိုယ်လုံးနှုးချိနေပါတယ်။ Fever ၃၇.၆ ရှိပါတယ်။ ဆေးခန်းသွားဖို့ပြင်ဆင်ရပါတယ်။ ကိုယ်ကိုကိုယ်လဲ H1N1 များလားဆိုပြီး ကြောက်နေပါတယ်။ ဆရာဝန်ကိုပြောပြတော့ ဆရာဝန်ကသိနေပါတယ်။ ဆရာဝန်ပဲလေ။ စိတ်ထဲမှာတော့ တော်ပါသေးရဲ့ H1N1 မဟုတ်လို့ ရင်တုန်နေတာလေးတွေရပ်ပါတော့တယ်။ ဆရာဝန်က Urine Test စစ်ခိုင်းပါတယ်။ Positive ပါတဲ့။ ဒီလိုနဲ့ ကျွန်မ X-Ray ရိုက်ရချင်းမှ ဆရာဝန်ထောက်ခံချက်ကြောင့် ကင်းဝေးသွားပါတော့တယ်။

ကျွန်မ အဖြစ်ချင်ဆုံး PR ဖြစ်ခဲ့ပါပြီ။ ကျွန်မကို အထင်သေးသောသူများကို ကျွန်မလက်တွေ့ပြနိုင်ခဲ့ပါပြီ။

ကျွန်မအတွက်ကတော့ from June 22 to June 26 က ကံကောင်းခြင်း ၂ခု ကို တစ်ပတ်အတွင်း ရရှိလိုက်ခြင်းပါ။

Saturday, June 27, 2009

Mandalay ကြာဇံချက်


ကြက်သားကို ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်သွားအောင် နယ်ပါ။ ငါးဖယ်ကိုထောင်းပြီး ပြုတ် ပါ၊ ပြီးရင် ရေထည့်ပြီးပြုတ်ပါ၊ နှုးတဲ့အထိပြုတ်ပါ၊ ပြုတ်ထားသော အရည်များကို မသွန်ပစ်ပါနှင့်။ တစ်ချိန် ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင် ထောင်းပါ။ ကြာဇံကို ရေစိမ်ပါ။ ကြာဇံဖတ်ရေထဲမှာ ပျော်ပြီးဆိုရင် အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ မှိုခြောက်၊ ပန်းခြောက်များကို လည်း ရေစိမ်ထားပါ။ ၄င်းကိုလည်း အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ ငုံးဥကိုလည်း ပြုတ်ထားပါ။ ဆီ ထည့်၊ ဆီကျက်လာလျင် ထောင်းထားသော အရာများကိုထည့်ပြီး ဆီသတ်ပါ။ အနံမွေးလာပြီဆိုလျင် ပြုတ်ထား ပြီးသော ကြက်သားများကိုထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပါ ရေနွေးဆူဆူထည့်ပါ။ ကြာဇံဖတ်ထည့်ပါ။ မှို ခြောက်၊ ပန်းခြောက်များထည့်ပါ။ ကြက်သွန်နီဥ သေးသေးလေးများ ထည့်ပါ။ ငံပြာရည်ထည့်ပါ၊ ငရုတ်ကောင်းမှုန့် အနည်း ငယ်ထည့်ပါ။ ကြာဇံချက် ကျက်ပြီးဆိုလျင် သံပုရာသီး ကြက်သွန်နီစိမ်းပါးပါးလှီးထားသော၊ နံနံပင်၊ ငရုတ်သီးမှုန့် တို့ဖြင့်ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။

ကြာဇံချက်ရဲ့အဓိကသော့ချက်မှာ - ငံပြာရည်ဖြစ်ပါတယ်။

Monday, June 22, 2009

ချွေတာခဲ့ရသောကျွန်မဘဝ

ကျွန်မကျောင်းစတက်တော့ အိမ်က၁ခါတည်း တွက်ချက်ပြီး Bank ထဲကိုပိုက်ဆံထည့်ထားပေးတယ်။ မထည့်ခင် အပြတ် ပြောလိုက်တယ်။ ကုန်သွားရင် အထုတ်ပိုက်ပြီး ပြန်လာခဲ့တော့တဲ့။ ကျွန်မ ၁လကို ၅၀၀ နဲ့လောက်အောင်သုံးရတယ်။ ကိုယ့်ဟာကိုယ်ဟင်း ချက်စားရတယ်။ သူများနဲ့လည်းပေါင်းမစားတတ်ဘူး။ ကိုယ်ဟာချက်တတ်ပြီး လာပေါင်းတဲ့သူက မချက်တတ်ရင် ကိုယ်က ကျွန်ကြီးလုံး လုံးကိုဖြစ်ရော။ ကျွန်မသုံးတဲ့အရာမှန်သမျှ စာရင်းမှတ်ပြီးသုံးရတယ်။ အဲဒီလိုသုံးတတ် အောင် ဖေဖေက သင်ပေးခဲ့တယ်။ ရန်ကုန်မှာ ကျွန်မဘာသုံးသုံးစာရင်းနဲ့မှတ်ပြီး သုံးရပါတယ်။ အခုချိန်ထိလည်း စာရင်းမှတ်ပြီး သုံးနေဆဲပါ။ အခုချိန်မှာ ၅၀၀ နဲ့တော့ ဘယ်လောက်တော့မှာလဲနော်။ ကိုယ့်ဟာကိုယ်ရှာနိုင်ပြီးဆိုတော့ သုံးချင်သလောက်သုံးပေါ့။ လစဉ်လဲစုဖြစ်ပါတယ်။ ဖေဖေ့ ကိုလည်း လစဉ် ၅၀၀ ပုံမှန်ကန်တော့နေပါတယ်။ အလုပ်ထွက်ချင်တိုင်း ဖေဖေကိုဘာနဲ့ပို့ရပါမလဲ ဆိုတာ အမြဲတမ်းခေါင်းထဲဝင် လာပြီး အခုချိန်ထိ သည်းခံပြီးလုပ်နေရဆဲပါ။ ကျွန်မ ရဲ့အလုပ်က In charge ၈ခုကို ၁ယောက်ထဲ Handle လုပ်ရပါတယ်။ ကျွန်မ လုပ်နိုင်ပါတယ်။ Dubai ရော၊ Singapore ကော အားလုံး၁ယောက်ထဲလုပ် ရပါတယ်။ ကျွန်မပင်ပန်းပါစေ။ ကျွန်မလုပ်တဲ့ အရာတိုင်းအောင်မြင်မယ်၊ ဖေဖေကိုပြန်ပေးနိုင်မယ်ဆိုရင် ပင်ပန်းရကျိုးနပ်ပါတယ်။

ကျွန်မ မနက် ၇ နာရီမထိုးခင်မှာ အမြဲတမ်းပုံမှန်နိုးပါတယ်။ ၁သက်နဲ့တကိုယ် နေဖင်ထိုးအောင် မအိပ်ဘူးပါ။ ငယ်ငယ်က မေမေက အရမ်းစည်းကမ်းကြီးတယ်။ ၆နာရီထိုးတာနဲ့ အိပ်ရာကထရပါတယ်။ နေဖင်ထိုးအောင် အိပ်တာမေမေကလုံးဝမကြိုက်ပါ။ ၆:၀၅ ဆိုလို့ကတော့ တုတ်၁ချောင်းနဲ့ ရောက်လာ တတ်ပါတယ်။ မေမေက မနက် ၄နာရီကနေ ၆နာရီထိပုံမှန်ဘုရားရှိခိုးပါတယ်။

ကျွန်မ ဒီမှာရှိတဲ့ Night Club ၁ခါမှ မသွားဘူးပါ။ ဘယ်နားရှိမှန်းတောင်မသိပါ။ Singapore မှာ Night Club ရောက်မှ ခေတ်မီတဲ့လို့ခံယူထားကြတဲ့သူများ ကျွန်မကတော့ ဘယ်တော့မှမသွားပါ။

ဘယ်သူတွေဘာပြောပြော ကျွန်မဘယ်သူကိုမှ ဂရုမစိုက်တတ်ပါ။ အမှန်တရားကို လူတွေကလက်ကိုင်ထားကြပေမယ့် အမှန်ကို တည့်တည့် ပြောလာမယ်ဆိုရင် မုန်းတီးတတ်ကြပါတယ်။

Thursday, June 18, 2009

Blog ရေးခြင်းအစ

ကျွန်မ Blog ကိုရေးရင်းကောင်းမလား စဉ်းစားနေတာ အခုမှအကောင်အထည်ဖော်ဖြစ်တော့တယ်။ ကျွန်မ နာမည်အရင်းပဲသုံးပါ တယ်။ ကျွန်မ မှန်တယ်ထင်ရင် ဘယ်သူကိုမှဂရုမစိုက်တတ်ပါဘူး။ အမှန်တရားကိုမြတ်နိုး ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှမကြောက်တတ်ပါ။ ကျွန်မရေးတဲ့ Blog မှာ အကုန်အမှန်တွေချည်း ပါပဲ။ မုသားမပါ။ လိမ်ညာမှုမပါ ပါ။

စာရေးဆရာမြေး၊ စာရေးဆရာသမီး ဖြစ်ပေမယ့် စာဖတ်ပရိသတ်ကို ဖတ်ချင်လာအောင်ရေးနိုင်တဲ့အဆင့် မရောက်သေးပါဘူး။ အဘိုးက မြကေတု ကလောင်နာမည်နဲ့ စာရေးပါတယ်။ ဖေဖေကတော့ မောင်တိုင်ပင် နာမည်နဲ့စာရေးပါတယ်။ Mandalay မြန်မာစာ အသိုင်းအ၀ိုင်းကဆိုရင် အဘိုးကိုကောင်းကောင်းသိကြမှာပါ။ ကျွန်မကတော့ ကလောင်နာမည် မရှိသေးပါဘူး။ အရင်က ရှိတယ်။ မပြောပြတော့ဘူးနော်။ ရှူးတိုးတိုး။ အဘိုးသာရှိသေးရင် ကျွန်မကိုရေးပုံရေးနည်းသင်ပေးမှာ အသေအချာပါပဲ။ ကျွန်မ ရေးထားတဲ့ Novel ၂ပုဒ်ရှိတယ်။ ရန်ကုန်မှာကျန်ခဲ့တယ်။ ကျွန်မစာရေးတာထက် Mickey-Mouse & Minnie Mouse ပန်းချီဆွဲတာကိုပိုပြီးဝါသနာပါတယ်။

ကျွန်မရေးတာ တုံးတိချည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကြိုးစားပြီးဖတ်ကြပါလို့။ ကျွန်မ Blog မှာ ဟင်းချက်နည်းများ၊ ဗဟုသုတ ဖြစ်စရာများ၊ Computer နည်းပညာများကိုဖြန့်ဝေပေးသွားမှာပါ။ ကျွန်မ Blog စာလာဖတ်ကြသူများ အသိပညာ ၁ခုခုရသွား မယ်ဆိုရင် ကျွန်မ အမြဲတမ်းပီတိဖြစ်နေမှာပါ။

လာရောက်ဖတ်ကြသူများကိုကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Wednesday, June 17, 2009

ကြက်သားနှင့် ဗူးသီးကာလသားချက်


ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့်နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင် ထောင်းပါ။ ဆီထည့်ပြီး ထောင်းထားတာတွေကို ဆီသတ်ပါ (ဆီကို အနည်းငယ်ထည့်ပါ၊ အရည်သောက်ချက်မှာဖြစ်တဲ့အတွက် ဆီများသွားလျင် စားမကောင်းပါ)။ ဆီသတ်ပြီးပြီဆိုလျင် ကြက်သားကို လုံးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ကြေသွားတဲ့ အထိလုံးပါ။ ဆူပြီးသား ရေနွေးထည့်ပါ။ (ကျွန်မ အဖွားပြောတာရိုးရိုးရေထည့်လျင်စားရတာ ဆိတ်တောက် ဆိတ်တောက်နှင့် စားမကောင်းပါ) ဗူးသီးအခွံနွာပြီး အနေတော်တုံးထားတာတွေကို ထည့်ပါ။ ဗူးသီးကျက်ပြီး၊ ရေကျပြီးဆိုလျင် ကြက်သားဗူးသီး ကာလသားဟင်း ၁ခွက်ရပါပြီ။

Tuesday, June 16, 2009

ဟင်းချက်ခြင်းနှင့်ကျွန်မဘဝ

ကျွန်မကိုဟင်းချက်တာ ၀ါသနာပါတယ်လို့အားလုံးက ထင်ကြပါလိမ့်မယ်။ ၁၀၀% လုံးဝမှားပါတယ်။ လုံးဝ လုံးဝ ကိုမပါ ပါ။ Singapore မှာ ကိုယ့်အားကိုးကိုယ် ရတာ။ ကိုယ်မချက်ရင် ဘယ်သူလာကျွေးမလဲ။ ၀ယ်စားလို့ရတာပဲဆိုတဲ့ အဖြေကိုဖြေရမယ် ဆိုရင် အမြဲတမ်းအချိန်ပြည့် Hawker Center က ဟင်းတွေကို နေ့စဉ်ရက်ဆက်စား နိုင်ကြရဲ့လား လို့ပြန်မေးချင်ပါတယ်။ ကျွန်မကတော့ လုံးဝ လုံးဝ မစားနိုင်ပါဘူး။

၁၅ နှစ်ကတည်းက မေမေဆုံးသွားလို့ ဖေဖေ ရဲ့ Control အောက်မှာနေလာခဲ့ရတာ။ B.Sc(Hons) အောင်တဲ့အထိ ၂မျိုး လောက်ပဲချက်တတ်ပါတယ်။ မေမေရှိစဉ်က ကျွန်မ ပထမဦးဆုံးချက်တဲ့ဟင်းက ကြက်သားကာလသားချက်။ ၁အိုးလုံးလွတ်ပစ် လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆား ထည့်လိုက်တာ လွန်သွားလို့။ မှတ်မှတ်ရရပဲ။ နောက်ရီစရာ ၁ခု။ ကျွန်မ ငါးရံအူဟင်း ဆို သိပ်ကြိုက်တာ။ ကျွန်မ ချက်တဲ့ဟင်းကို မေမေကိုချက်ကျွေးတာပေါ့။ ဒါပေမယ့် လွင့်ပစ်ရပြန်ရော။ အူတွေကို မထုတ်ပဲ ဒီအတိုင်းချက်လိုက်လို့။ ကျွန်မ ဖေဖေကော၊ မေမေကော ဟင်းချက်တတ်တယ်။ သတိပေးထားရဦးမယ်။ ဟင်းချက်တတ်တဲ့ ယောကျားတွေဆို ဝေးဝေးကရှောင်။ ပစိပစပ်အရမ်းများတာ။ မိန်းမတွေထက်လည်း ပိုပြီးမြင်တတ်ကြတယ်။ ဖြစ်ကတတ်ဆန်း ချက်ထားတဲ့ဟင်းဆို ပွစိပွစိပြောပါလိမ့်မယ်။ ကျွန်မ ကကိုယ်တွေ့။ ဒါကြောင့် ဟင်းချက်တတ်တဲ့ယောကျား မယူထားဘူး။ မချက်တတ်တော့ ကိုယ်ကျွေးတာပဲ ကောင်းကောင်း မကောင်းကောင်း စားရတာ။

B.Sc (Hons) အောင်ပြီးသွားတော့ ဖေဖေကခေါ်ပြောတယ်။ ဟင်းချက်တတ်အောင် သင်ရမယ်။ ယောကျား ရလို့ရှိရင် ယောက်ခမ၊ ယောင်းမ အပြောမခံရအောင်လို့ရယ်၊ မေမေမရှိပေမယ့် ပတ်ဝန်းကျင်အပြောမခံရအောင် သင်ရမယ်ဆိုပြီး အိမ်မှာ ဟင်းချက်တဲ့ အဒေါ်ကြီးဆီမှာဈေးဝယ်တာကအစ ချိန်ခွင်ဘယ်လိုကြည့်တာကအစ အကုန်သင်ရပါတယ်။ ဖေဖေက အချိန်ပြည့် လိုက်ပြီးမကြည့်နိုင်ပါဘူး။ ကျွန်မ ပြောစကားနားမထောင်ရင် တိုင်ရမယ်ဆိုပြီး ပြောထားပါတယ်။ ဖေဖေ ကသိပ်စည်းကမ်းကြီးပါ တယ်။ လှီးချွတ်တာကအစ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ရပါတယ်။ ဒါကြောင့်ကျွန်မဟင်းချက် ပြီးရင်ဆေးစရာ ပန်းကန်တွေအများ ကြီးပဲ။ ကျွန်မ ဟင်းချက်လို့ ဆီသတ်တဲ့အခါ ကြက်သွန်နီ၊ ကြက်သွန် ဖြူ ဖတ်များ မည်းသွားလို့က ဖေဖေ စားလို့မြင်တဲ့အခါ အဆူခံရပါတယ်။ ကျွန်မ ဆီကောင်းကောင်းမသတ်နိုင်ဘူး ဆိုတဲ့ အဓိပါယ်ပါဘဲ။ အခုချက်ရင် မမည်းတော့ပါဘူး။ ဆီကောင်း ကောင်းသတ်နိုင်သွားပါပြီ။

ကျွန်မ အိမ်မှာ ဟင်းကောင်းကောင်းချက်တတ်ပေမယ့် ကျွန်မက စိတ်ပါတဲ့နေ့မှ ချက်တာ။ အဲဒါကြောင့်ကျွန်မအိမ်က အဒေါ်ကြီးက ရေတံခွန်က ရေကျလာပြီ ဆိုပြီး အမြဲတမ်းစပါတယ်။ အဒေါ်ကြီး တောပြန်တဲ့အချိန်ကျမှ ဟင်းချက်တာ။ ကျန်တဲ့အချိန်တွေမချက် ဘူး။ ၁ချို့ဆိုကျွန်မ ဟင်းချက်တတ်မှန်းတောင်မသိဘူး။

ကျွန်မမြန်မာဟင်းအစုံ၊ တရုတ်ဟင်း၊ Italian အစားအစာ အကုန်ချက်တတ်ပါတယ်။ နောက်မှ ဖြည်းဖြည်းချင်း ပြောပြပေး သွားပါ့မယ်။ ကျွန်မ စာရေးရမှာ ပျင်းလွန်းလို့ပါ။

မရှိခဲ့ရင်

ခင်မင်မှု အစပျိုး
သံယောဇဉ်ရစ်ပတ်တွဲငင်
အချစ်ဆိုတာ ဖြစ်တည်ခဲ့ရတယ်

ချစ်ခဲ့မိစဉ်အချိန်ကာလ
ဝေးကွာမှုဆိုတာ ကြုံခဲ့ရလို့
အလွမ်းဆိုတာ မရှိခဲ့ရင်

မျက်ဝန်းထဲ ချစ်သူ့ပုံရိပ်
ထင်ဟပ်စဉ်ခဏ
သတိရခြင်းဆိုတာ မရှိခဲ့ရင်

ဝေဒနာတွေရင်မှာခါးသည်း
အမုန်းဆိုတာမရှိခဲ့ရင်

မသိစဉ်

အနေနီးစဉ်က
အချစ်ဆိုတာကို
မသိခဲ့စဉ်မှာ
ငါလေ ... မင်းကို သတိမထားခဲ့မိဘူး

အဝေးကိုထွက်သွားစဉ်ခဏ
အချစ်ဆိုတာဖြစ်တည်ခဲ့ရစဉ်
ငါလေ ... မင်းကို ချစ်တတ်ခဲ့ရပြီ

သတိမထားခဲ့မိဘူး

အကြည့်လေး၁ချက် ဆုံခဲ့မိစဉ်က
အချစ်ဆိုတာ ၀င်ရောက်ခဲ့တာ မသိစိတ်က
သတိမထားခဲ့မိဘူး

ပေးခဲ့တဲ့ကြင်နာမှုတွေ
အလုံးစုံရခဲ့သော်လည်း
ငါလေ ... သတိမထားခဲ့မိဘူး

နှလုံးသားနေရာ ၁ခုလုံးကို နေရာအပြည့်ယူထားခဲ့တာ
'ကို' ဆိုတာ
ငါလေ ... သတိမထားခဲ့မိဘူး

သြော်
အနေနီးစဉ်က
အချစ်ဆိုတာ မသိခဲ့စဉ်မှာ
အလွမ်းတွေကို ရင်ဝယ်ပိုက်လို့
ငါလေ မင်းကို လွမ်းတတ်ခဲ့ရပြီ
ချစ်တတ်ခဲ့ရပါပြီ

အင်းဥချက်နည်း


အင်းဥကို Singapore မှာတော့ ၀ယ်လို့မရပါဘူး။ ရန်ကုန်ကနေ လူကြုံနဲ့ ပို့လိုက်လို့ပါ။ စားကောင်းပေမယ့် အရမ်းလက်ဝင်ပါ တယ်။ မိုးရာသီကာလမှ ရတတ်ပါတယ်။

ပထမဦးစွာ အင်းဥကိုရေစင်အောင်ဆေးပါမယ်။ ၁လုံးချင်းဆီကို အဖြူရောင်ဖြစ်တဲ့အထိ ဓားလေးနဲ့သေသေ ချာချာခြစ်ပါ။ ပြီးရင်ရေနွေးနဲ့ထပ်ပြီး ဆေးပါ။ ၁လုံးခြင်းဆီကို ထက်ခြမ်းခြမ်းပါ။ ဆနွင်း၊ အချိုမှုန့်တို့ဖြင့်နှယ်ပါ။ ကြက်သွန်ဖြူ ကိုညက်ညက်ထောင်းပါ။ ဆီပူလာရင် ညက်ညက်ထောင်းတာတွေကို ဆီသတ်ပါ။ အင်းဥထည့်ပါ။ အင်းဥ ကိုနှုးအိနေတဲ့ အထိပြုတ်ပါ။ အင်းဥကျက်ရင်သံပုရာသီးလေးနဲ့ညစ်စားပါ။


Sunday, June 14, 2009

Singapore ရဲ့ဘ၀အစ

ကျွန်မ Singapore ကို January 29, 2006 မှာ Silk Air နဲ့ရောက်ပါတယ်။ လေယာဉ်အောက်ခြေ အထိ အဖေ နဲ့ အဒေါ် လိုက်ပို့ပေးခဲ့တယ်။ အဖေ နဲ့ နှုတ်ဆက်ပြီးချာကနဲ လှည့်အထွက် လေယာဉ်ပေါ် အတက် မျက်ရည်ပေါက်ပေါက်ကျခဲ့ ရတယ်။ အဖေ ကို ရန်ကုန်မှာ ၁ယောက်ထဲထားခဲ့ရတယ် ဆိုတဲ့စိတ်ရယ်၊ Singapore မှာ ၁ယောက်ထဲ Independent နဲ့နေနိုင်ပါ့ မလားဆိုတဲ့ စိတ်နဲ့ မျက်ရည်ပေါက်ပေါက်ကျခဲ့ရပါတယ်။ အဖေကတော့မမြင်နိုင်ခဲ့ပါဘူး။ စိတ်ထဲမှာ ၁၀တန်းအောင်ပြီးစ သူတွေတောင်လုပ်နိုင်ရင် ငါကကော ဘာလို့မလုပ်နိုင်ရမှာလဲ ဆိုပြီး ကိုယ်ကိုကိုယ်အားတင်းပြီး ကိုယ့်ကိုကိုယ်အားပေးခဲ့ရပါတယ်။

အရင်ဆုံး Jurong East မှာ သူငယ်ချင်း၁ယောက် အကူအညီနဲ့ မြန်မာ အိမ်ရှင်နဲ့နေခဲ့ရတယ်။ MRT နဲ့ဝေးလိုက်တာ။ ကားက လည်းအရမ်းရှားတာ။ Master ဆက်တတ်ရန်အတွက်ရောက်လာခဲ့ရတယ်။ Social Visit Pass နဲ့။ ၁ပတ်နေတော့ မြန်မာ အိမ်ရှင် က ကျွန်မ ကိုကြည့်မရဘူးဆိုတဲ့ အချက်ကလေးနဲ့တင် ညကြီး ၁၁ နာရီ အိမ်ပေါ် ကဆင်းခိုင်းတယ်။ ကျွန်မ လဲ သမီးချင်းကိုယ်ချင်းစာပြီး ကျွန်မကို ၁ပတ် အချိန်ပေးပါလို့ အိမ်ရှင်ကို ပြောပြီး တံခါးပိတ်ပြီးနေခဲ့တယ်။

မနက်၆နာရီနိုးပြီး MRT ကိုပဲတောက်လျောက်စီးနေခဲ့တယ်။ ညနေကျတော့ အဖေဆီကို phone ခေါ်ပြီး အဒေါ်အကူအညီနဲ့ နောက်မြန်မာ အိမ်ရှင် အိမ်ကိုရောက်ခဲ့ပြန်တယ်။ SIC မှာကျောင်းတက်ဖို့စစုံစမ်းတော့ ကျွန်မရဲ့ Student Pass က မလာခင်ကတည်းက Rejected ဖြစ်ပြီးသား။ Myanmar Agent ကလည်း အကျိုးအကြောင်းမပြောပြခဲ့ဘူး။

အမျိုးတစ်ဦးက Master တက်ဖို့ နင့်မှာ အရည်အချင်းဘယ်လောက်ရှိလို့လဲ။ ကျွန်မကို အထင်သေးတဲ့စကားလုံး တွေနဲ့ပြောကြတယ်။ ကျွန်မ ရင်ဝကို အုတ်ခဲ၁ခုနဲ့ကောက်ထုလိုက်သလိုပါဘဲ။ ကျွန်မ အိပ်ယာထဲလဲခဲ့ရတယ်။ အဲဒီနေ့ကစပြီး ဘယ်တော့မှ မဆက်သွယ်တော့ပါဘူး။ သွားလည်းမသွားတော့ပါဘူး။

ဒီလိုနဲ့ social visit ၃လပြည့်တဲ့အထိကျွန်မရဲ့ student pass ကလည်းအခုချိန်ထိမရသေးပါဘူး။ SIC က ကျွန်မရဲ့ student pass ကိုပြန်မတင်ပေးတော့ auto reject ဖြစ်သွားတာ။ ၂ ၁/၂ လခွဲပြီးချိန်မှာ ကျွန်မလည်းအချိန်ပြည့် လမ်းပေါ်မှာကြီးပဲ။ Pass လေး ၁ခုရဖို့အတွက် ဘ၀ကိုရုန်းကန်နေရတယ်။ SIC ကိုလည်းတော်တော်စိတ်ကုန်နေပြီ။ နောက်ဆုံးကျွန်မ Singapore Agent နဲ့နောက်ကျောင်း၁ကျောင်းပြောင်းဖို့စီစဉ်ရပြီ။

JCU မှာ M.Sc (Information Technology)(e-businees) တက်ဖို့အတွက် Apply လုပ်ရပြန်တယ်။ IELTS 5.5 ပဲ ရလို့ English Level 3 တက်ပြီးမှ Master ဆက်တက်ခွင့်ပြုတယ်။ ကျောင်းရသွားတယ်ဆိုပါတော့။ ၁ရက်ထဲနဲ့ ကျွန်မရဲ့ situation ကို သေချာပြောပြတော့ ၃ ရက်အတွင်း student pass form က ICA ကိုရောက်သွားတယ်။ ဒါပေမယ့် Social Visit Pass ပြည့်တော့မှာဖြစ်တဲ့အတွက် ICA Officer နဲ့ထပ်တွေ့ရပါတယ်။ ကျွန်မ ဘကြီးက ကျွန်မကို Phone ခေါ်ပြီး မပြန်ခိုင်းဘူး၊ ရတဲ့အချိန်လေးကို အကျိုးရှိအောင် အသုံးချတတ်ရမယ်တဲ့။ ဘကြီးက Air Ticket Cost ပြန်ပို့ပေးမယ် ဆိုပြီး မပြန်ခိုင်းဘူး။ ဒီလိုနဲ့ ကျွန်မနောက်ထပ် ၂ပတ်ရသွားတယ်။ ၂ပတ် မပြည့်ခင်နောက် ၁ကြိမ်ထပ်ကြိုးစား ရပြန်တယ်။ ဒီ ၁ကြိမ်မရတော့ပါဘူး။ ICA ကို phone ခေါ်တော့ Malaysia ကိုခဏထွက်ခိုင်းပါတယ်။ JCU ကိုအကျိုးအကြောင်းပြောပြပြီး ၁ကြိမ်ထဲနဲ့ ရအောင်လုပ်ပေးဖို့မသွားခင်မှာ တောင်းပန်ခဲ့ပါတယ်။

အဖေ မိတ်ဆွေ uncle UAK ကလည်းစိတ်ရောကိုယ်ပါကူညီပါတယ်။ အိမ်ရှင်လင်မယားကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးပါ တယ်။ ကျွန်မရဲ့ ကျေးဇူးရှင်တွေပါပဲ။ ဘ၀မှာ တစ်သက်မမေ့ပါဘူး။

တချို့ကဘာပြောသလဲဆိုရင် Malay Immigiration က တအားရစ်ပါတယ်တဲ့။ Singaporean တွေတောင်ရစ်တာတဲ့။ Malay Immigiration ကိုရောက်လို့ ကျွန်မ Passport ပေးလိုက်တယ်ဆိုရင်ပဲ ဘာမှတောင်စကားမပြောဘူး။ Passed ပေးလိုက်တာပဲ။ တချို့ ကပြောလိုက်တာ ကျွန်မအတွက်တော့ အမှားတွေကြီးပါတယ်။ သူတို့ပြောတာ အမှားတွေကြီးပဲဆိုတာ မလာခင်ကတည်းကသိပြီးသား၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်သွားပြီး စုံစမ်းပြီးသွားလို့ပါပဲ။ ဒါကြောင့်ကိုယ့်မှာ ပြသာနာဖြစ်လာပြီဆိုရင် ဘယ်သူစကားကိုမှမယုံပါနှင့်။ ကိုယ်ကိုကိုယ် Independent ဖြစ်နိုင်အောင်ကြိုးစားပါ

Malay မထွက်ခင် သစာရေသောက်ပြီးသစာဆိုခဲ့တယ်။ အဖေစကားကိုနားထောင်ပြီး အဖေလုပ်ကျွေးနိုင်တဲ့ သမီးအလိမာဖြစ်မယ် ဆိုရင် ဒီ ၁ခေါက် Reject မထိဘဲ Approved ဖြစ်ပါစေလို့ဘုရားစင်ရှေ့မှာ ဆုတောင်းခဲ့တယ်။

Malay ကို စနေနေ့မှာထွက်ခဲ့ပြီးတောက်လျောက် ICA ကို Phone ခေါ်နေတော့တာပဲ။ ကျွန်မရဲ့ဘ၀နောက်ဆုံးမျှော်လင့်ချက်ပဲ။ Reject ဖြစ်ခဲ့ရင် Malay ကနေ ရန်ကုန်ပြန်ရတော့မှာ။ Master ဘွဲမရ မချင်း မပြန်ချင်ဘူး

ကြာသပတေးနေ့မှာကျွန်မရဲ့ Student Pass လေး Approved ဖြစ်ခဲ့ရပါပြီ။ ပျော်လိုက်တာဆိုတာ ပြောမပြနိုင်အောင်ပါပဲ။ ၁ပတ်တိတိ Malay မှာနေခဲ့တယ်။ ကျွန်မကိုစောင်ရှောက်ပေးခဲ့တဲ့ Malay ကမြန်မာမိသားစုကို ဖော်မပြနိုင်အောင် ကျေးဇူးတင် ပါတယ်။ Student Pass က ၂နှစ်တောင်ရတယ် ၆လကြီးများတောင်ကျောင်းပြီးရင်အလုပ်ရှာဖို့ အချိန်ရတာပေါ့။

ဒီလိုနဲ့ Student Pass ရပြီး မြန်မာအိမ်ရှင်က ကျွန်မထက်ပိုက်ဆံပိုပေးတဲ့သူကိုငှားဖို့အတွက် ၁ပတ်အတွင်းအိမ်ပေါ်က ဆင်းခိုင်းပြန်တယ်။ ၁ပတ်အတွင်းအိမ်ရှာဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ အဖေမိတ်ဆွေကိုအကျိုးအကြောင်းပြောပြီး အိမ်မှာ အိမ်မရခင်အချိန်ထိနေဖို့ အကူအညီတောင်းရတယ်။ အဖေကိုလဲပြောမပြဖို့နှုတ်ပိတ်ရသေးတယ်။

Uncle UZWO လင်မယားကလည်းကျေးဇူးရှင်တွေပါဘဲ။ သူတို့အိမ်မှာနေပြီးအိမ်ရှာ ရတယ်။ မနက်မိုးလင်းမိုးချုပ် ကျောပိုးအိတ် ၁လုံးနဲ့ရွာရိုးကိုးပေါက်လျှောက်ပြီးရှာတာ ၁ပတ်အတွင်းအိမ်ရပါတယ်။ ဒါပေမယ့်အချိန်၂ပတ်ပေးရတယ်။ လက်ရှိနေနေတဲ့သူက ၂ပတ်နေမှဆင်းမှာမို့လို့။

အဖေကို ကိုယ်ရခဲ့တဲ့ Student Pass နဲ့လည်းကန်တော့ပြီးပြီ။ S Pass နဲ့လည်းကန်တော့ပြီးပြီ။ EP နဲ့လည်း ကန်တော့ ပြီးပါပြီ။ PR နဲ့ကန်တော့ဖို့ပဲကျန်ပါတော့တယ်။ လက်ရှိ PR လျှောက်ထားဆဲ အခြေအနေပါ။

ကျွန်မကိုအထင်သေးခဲ့တဲ့မရနိုင်ဘူးလို့ထင်ခဲ့တဲ့ M.Sc (IT e' e-business) ဘွဲ့ကို ရအောင်ယူနိုင်ခဲ့ပါပြီး Company ၁ခုမှာ Programmer CUM Graphic Designer CUM IT Support Position နဲ့လက်ရှိလုပ်နေပါတယ်။

Singapore မှာ စစချင်း အခြေချခဲ့တဲ့ကျွန်မရဲ့ဘ၀ကကြမ်းတမ်းပါတယ်။ ကိုယ့်ဟာနဲ့ကိုယ်၁ယောက်ထဲ ဘယ်သူအကူအညီမပါဘဲ ၁ယောက်ထဲဘ၀ကိုရုန်းကန်ရပါတယ်။ ဘယ်သူကိုမှအကူအညီတောင်းလို့မရပါဘူး။ ဒါကြောင့် Singapore လာမယ်ဆိုရင် သေချာစဉ်းစားပြီးမှလာခဲ့ပါ။ ဘယ်သူအကူအညီမှမပါပဲကိုယ့်အားကိုယ်ကိုနိုင်ရဲ့လားလို့ နဖူးပေါ်လက်တင်ပြီး သေသေချာချာစဉ်းစားကြပါလို့။

ဗဟုသုတ

ကျွန်မရဲ့ Blog ကိုဖတ်ကြတဲ့သူများကို သိစေချင်သော စိတ်လေး ၁ခုရယ်ပါ။ ကျွန်မငယ်ငယ်က စာအရမ်းဖတ်ပါ တယ်။ ဖတ်ပြီး ကျွန်မကြိုက်သောအကြောင်းအရာများဆိုရင်း စာအုပ်လေးထဲမှာ မှတ်ထားပါတယ်။ ဒေါ်ရီကြိန်ရဲ့ အေးအတူပူအမျှ နှင့် အပေးအယူမျှပါစေ စာအုပ်၂အုပ်က ကျွန်မ အကြိုက်ဆုံးစာအုပ်တွေပါဘဲ။ ဘယ်တော့ဖတ် ဖတ် ရိုးမသွားပါဘူး။ အိမ်ထောင်ရှိတဲ့သူတိုင်းဖတ်သင့်တဲ့ စာအုပ်ကောင်းတွေပါ။ ကျွန်မမှတ်ထားတဲ့စာအုပ်လေး ထဲကနေ အကုန်လုံးကိုပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်။

ချစ်တယ် ဆိုတဲ့စကားကိုမပြောကြတဲ့လူ ၃မျိုး

၁။ အချင်းချင်းနားလည်ပြီးသားဖြစ်ပေမယ့် အခြေအနေ ၁ခုခုကြောင့်မပြောဘဲနေသင့်လို့နေတာ။
၂။ ရင်ထဲမှာရှိရင်ပြီးရော ဒီစကားကိုမပြောလဲဖြစ်တယ်လို့ ခံယူထားကြသူ။
၃။ အချိန်မရွေးရုန်းထွက်လို့ရအောင် အချည်အနှောင်မခံချင်လို့ တမင်ကိုမပြောကြတဲ့သူ။

အိမ်ထောင်ပြုကြရာတွင် -

၁။ ငယ်စဉ်ကမိမိမပြည့်ဝ၊ မဖြည့်ဆည်းနိုင်ခဲ့တဲ့ ဘ၀မျိုး ဖြည့်ဆည်းနိုင်ရေး။
၂။ ငယ်စဉ်မိဘနှင့်နေစဉ်ကရခဲ့တဲ့မိသားစုပျော်ရွင်မှုမျိုးဆက်လက်ရှိရေး။


အိမ်ထောင်ဖက်ရွေးရာတွင် မရွေးသင့်သော အချက်၃ချက်

၁။ ပစည်းဥစာကိုမက်မောပြီးတော့အိမ်ထောင်ဖက်မရွေးပါနှင့်။
၂။ ဂုဏ်ပကာသနကိုလည်းဦးစားမပေးပါနှင့်။
၃။ ကာမဆနာ ၁ခုတည်းကိုတပ်မက်ပြီး အိမ်ထောင်ဖက်မရှာပါနှင့်။

ယောကျား ၃မျိုး

၁။ မိန်းမလှမြင်တိုင်း ငမ်းငမ်းတက်ပိုးပန်းဂရုစိုက်တတ်တဲ့သူ။
၂။ ကိုယ်ချစ်တဲ့မိန်းကလေးကိုမှ ဂရုစိုက်တတ်တဲ့သူ။
၃။ အနောက်တိုင်း Style, Lady First ဆိုတာကို ကျင့်သုံးတတ်တဲ့ ဂုဏ်သရေရှိ လူကြီး လူကောင်းတွေ။

ယောကျားဆိုတာ -

၁။ ချီးမွမ်း။
၂။ အမြှောက်။
၃။ အချော့ ကြိုက်လေရဲ့။ အိမ်ထောင်ရေးပိုမိုခိုင်မြစေရန်အတွက်ရယ်ပါ

လင့်ကျင့်ဝတ် ၅ ပါး

၁။ မိမိဇနီးဧ။် အရည်အချင်းကောင်းများကို ရှာဖွေလေ့လာပြီး ဇနီးသည်အား လေးစားမြတ်နိုးစွာ တာဝန်ပေးမှု ရှိ ရမည်။
၂။ မိမိရှာဖွေရရှိသော ပစည်းဥစာများကို ဇနီးသည်ထံ ၁အိမ်ထောင်လုံးအတွက် စားဝတ်နေရေးဖူလုံအောင် ပေး အပ်ရမည်။
၃။ ဇနီးမှတပါး တခြားသော အမျိုးသမီးများအပေါ် မပြစ်မမှား စိတ်မ၀င်စားပဲ ကာယိနြေကို ထိန်းသိမ်းရမည်။
၎။ ဇနီးသည်အား အချိန်အခါ၊ အခြေအနေအရ အ၀တ်အစားများ ပေးကမ်းရမည်။
၅။ မိမိဇနီးအား မြတ်နိုးချစ်ခင်ကြင်နာရမည်။

မယားကျင့်ဝတ် ၅ ပါး

၁။ အိမ်တွင်းမှုတည်းဟူသော စားဝတ်နေရေးအတွက် မှန်မှန်ကန်ကန်စနစ်ဇယားနှင့် ယောကျားရှာဖွေပေးသမျှ နှင့် လောက်ငအောင် စီမံနိုင်ရမည်။
၂။ အိမ်သုံးပစည်းမှန်သမျှ မလေမလွင့် မပျက်စီးမပျောက်ရှအောင် ထိန်းသိမ်းနိုင်ရမည်။
၃။ လင့်ယောကျားမှတပါး တခြားသော အမျိုးသားများနှင့် ဆက်ဆံရာတွင် သန့်သန့်စင်စင်ဖြင့် ကာယိနြေကို စောင့်စည်းရမည်။
၎။ မိမိဘက်၊ မိမိခင်ပွန်းဘက် ဆွေမျိုးတို့အား ကူညီပေးကမ်းသည့်အခါ မျှမျှတတ တရားသဖြင့်ပြုမူရမည်။
၅။ မိမိသည် အိမ်ထောင်ရှင် ၁ဦးပြုရမည့်တာဝန်များ ပေါ့ပေါ့တန်တန်သဘောမထားပဲ လုံလ၀ီရိယပညာနှင့် ကြိုးစားသူဖြစ်ရမည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် -

၁။ စွန့်စားနိုင်ရမည်။
၂။ ကျွမ်းကျင်ရမည်။
၃။ ရင်းနှီးမြှပ်နှံနိုင်ရမည်။

မိဘအမွေဆက်ခံထိုက်သော သား၊ သမီး ၄ မျိုး

၁။ သားကြီး၊ သမီးကြီးအရင်း။
၂။ အမွေစား၊ အမွေခံအဖြစ် အထင်အရှား မွေးစားတဲ့သား၊ သမီး။
၃။ အမွေဆက်ခံဖို့ရည်ရွယ်ချက်မရှိပဲ မွေစားတဲ့သား၊ သမီး။
၎။ လင်ပါ၊ မယားပါ သမီး။

မိဘအမွေမခံထိုက်သော သား၊ သမီး ၂ မျိုး

၁။ မိဘစကားနားမထောင်ပဲ ခွေးနှင့်တူသောသား၊ သမီး။
၂။ အပျော်အပါးလိုက်စားရာမှရလာတဲ့သား၊ သမီး။

သူငယ်ချင်းကောင်း မိတ်ဆွေစစ်

၁။ လိုအပ်နေချိန်တွင်ပေးကမ်းချီးမြှင့်ကူညီခြင်း။
၂။ မိမိနှင့်တစ်တန်းတည်းထားပြီးပေါင်းသင်းဆက်ဆံခြင်း။
၃။ သူ့စီးပွားကိုလိုလားဆောင်ရွက်ပေးခြင်း။
၎။ ချိုသာသောစကားနှင့်ဆန့်ကျင်ဘက်မဖြစ်အောင်ပြောဆိုခြင်း။
၅။ မှန်ကန်သောစိတ်ထားအမြဲရှိခြင်း။


သတိထားရမည့်ယောကျား

၁။ အမေရဲ့သြဇာကိုသိပ်နာခံတတ်တဲ့သူ။
၂။ ရင့်သီးရိုင်းစိုင်းတဲ့သူ။
၃။ ပေါကြော့နေတတ်တဲ့သူ။
၎။ စိုးမိုးခြယ်လှယ်တတ်တဲ့သူ။
၅။ ဂတိမတည်တတ်တဲ့သူ။

How to remove gallstones from gall bladder



How to remove gallstones from gall bladder.

It's natural method. You can do it by yourself. Here is the way of method how to do.

1. For the first five days, take four glasses of apple juice every day. Or eat four or five apples, whichever you prefer. Apple juice softens the gallstones. During the five days, eat normally.

2. On the sixth day, take no dinner.

3. At 6 PM, take a teaspoon of Epsom salt (magnesium sulphate) with a glass of warm water.

4. At 8 PM, repeat the same. Magnesium sulphate opens the gallbladder ducts.

5. At 10 PM, take half cup olive oil (or sesame oil) with half cup fresh lemon juice. Mix it well and drink it. The oil lubricates the stones to ease their passage.

PS. 1cup=250ml, 1/2 cup lemon juice=3 lemons (aprox.)

The next morning, you will find green stones in your stools.

It is true statement. Believe it or not. It's real situation. My father successfully removed gallstones from gall blader by natural method.

If you have any question, ask me by e-mail. I will help you as soon as possible.

Saturday, June 13, 2009

ခေါက်ဆွဲသုတ်

ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် အရင်ချက်ပါ။ ခေါက်ဆွဲသုတ် ထဲကို Mandalay ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ မန်ကျည်းမှည့်၊ အချိုမှုန့်၊ ဆီချက်၊ ဂေါ်ဖီပါးပါးလှီး (ဂေါ်ဖီမရှိလို့မထည့်လိုက်ရပါ)နံနံပင်တို့နှင့် ရောနှယ်ပါ။ စားခါနီးကျမှ ကြက်သွန်နီကြော်လေး အနည်းငယ်လှအောင် အုပ်လိုက်ပါ။

ဗူးသီးကြော် နှင့် အချည်ရည်

ဗူးသီးကိုအနေတော်လှီးပါ။ အရေးကြီးတာ အခွံနွာဖို့ မမေ့ပါနှင့်။ ရွှေလိပ်ပြာမုန့်နှစ်ကိုသုံးပါတယ်။ (မုန့်နှစ်ကို ဆနွင်းအနည်းငယ်၊ ဆား၊ အချိုမှုန့်တို့နှင့်နှယ်ပါတယ်)။ အရေးကြီးတာ ဆီများများ မီးအေးအေးနဲ့ ကြော်ပါ။

ပေးဆပ်ချစ်

မျှော်လင့်ချက်တွေပေးခဲ့ပေမယ့်
သစာတရားများပျက်သုန်း
နားလည်မှုဆိုတာလဲဝေးလို့
ငါလေ
စွန့်လွတ်အနစ်နာခံရင်း
ပေးဆပ်အချစ်နဲ့
ချစ်ခဲ့ရသူပါ

ချစ်ခဲ့ပြီဆိုရင်

လွမ်းနေစဉ်မှာ
မျက်လုံးထဲမျက်ရည်တွေနဲ့
ပြည့်သိပ်နေခဲ့ရတယ်

သတိရနေစဉ်မှာ
မျက်လုံးထဲချစ်သူပုံရိပ်
အရိပ်ထင်ခဲ့ရတယ်

အဝေးကိုထွက်သွားစဉ်ခဏ
ဖော်မပြနိုင်တဲ့
ကွက်လပ်လေးတစ်ခု
ကျန်နေခဲ့ရတယ်

နားလည်မှုသစာတွေနဲ့
နှလုံးသားနေရာလေးတစ်ခုက
ချစ်သူ့အတွက်ရယ်ပါ

I'll be there

When you are so happy
I'll be there

When you are so sad
I'll be there

When you miss me
I'll be there

When you remember me
I'll be there

To share your feelings
I'll be there

သက်ဆိုင်သူသို့

ကြုံဆုံတွေ့လာ
အမှတ်မထင်
စခင်သောနေ့မှ
သံသရာဆုံးတိုင်
ခင်မြဲခင်လျက်
ချစ်မြဲချစ်နေမှာ